Friday, December 5, 2008

သေဘာၤသား ဘဝ

ချစ်သောသူနဲ့ ကွေကင်းခြင်းသည် ဒုက္ခဆင်းရဲ

မချစ်နှစ်သော သူနဲ့ပေါင်းသင်းရခြင်းသည် ဒုက္ခဆင်းရဲ။

ပျော်ရာမှာမနေရ တော်ရာမှာနေရ။

စတဲ့စကားတွေဟာ ကျွန်တော်တို့ သဘောင်္သားတွေအတွက်များ ရည်စူးထားခဲ့လေသ လားထင်ရလောက်အောင်ကို ကွက်တိကျနေပါတယ်။ သဘောင်္သံပြားစနင်းလို့ အလုပ်စဝင်က တည်းက sing off လုပ်လို့ ပြန်ဆင်းတဲ့အချိန်ထိ နေ့တိုင်း ဒီအလုပ်တွေကိုဘဲ စက်တွေနဲ့အပြိုင် လုပ်နေကြရတာလား။ သဘောင်္ပေါ်မှာရှိတဲ့ လူဆယ်ငါးယောက် အယောက်နှစ်ဆယ် ဟာလည်းနေ့တိုင်းမရိုးနိုင်အောင်တွေ့နေကြရတဲ့လူတွေပေါ့။ အလုပ်လုပ်တော့လည်းအတူတူ စားတော့လည်းအတူတူ။ ကိုယ့်အိမ်ကမိသားစုနဲ့တောင်ဒီလောက်နေကြရလိမ့်မထင်ပါဘူး။ ဟုတ်တယ်လေ မိသားစုနဲ့နေရလှ သုံးလပေါ့။ သဘောင်္ပေါ်မှာက နှစ်လုံးပေါက်နေရတာမဟုတ် လား။ အဲလိုရေထောင်ကျနေတဲ့အထဲမှာ ကိုယ်နဲ့အတွဲဖက်တည့်တဲ့လူတွေရှိရင်တော့ မင်္ဂလာ တစ်ပါးပေါ့။ အဲလိုမဟုတ်လို့ အထက်ဖား အောက်ဖိတို့ ငါအရာရှိဆိုပြီး ပါဝါပြချင်တဲ့လူတွေနဲ့ ဆိုရင်တော့ စာချုပ်မပြည့်ခင် ဖိုက်တင်ပလေးပြီး မဆင်းရအောင်တော်တော်သည်းခံရတာပါ။

ဘဝဆိုတာကလည်းအဆန်းသားရယ် ကိုယ်ချစ်တဲလူ၊ကိုယ်ခင်ရတဲ့လူတွေနဲ့ကြတော့ ခွဲခွာရ တာမြန်ဆန်လှပါတယ်။ ဘယ်လိုမှ ကြည့်လို့မရပါဘူးဆို နှစ်လုံးပေါက်ကိုတွဲနေရတာပါဘဲ။ သဘောင်္သားတွေရဲ့  ဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဘယ်လိုမှ အစိုးမရတဲ့ ပင်လယ် ပြင်မှာ ကိုယ့်ရဲ့ ဘဝပုံအပ်ထားပြီး နေရာအနှံကို သဘောင်္ကိုအိမ်လုပ်ပြီး ရေမျောကမ်းတင် လျှောက်သွားနေရတာပါ။ သဘောင်္ပေါ်စတက်လို့တာဝန်ထမ်းဆောင်ကတည်းကစလို့ တာဝန် ပြီးဆုံးလို့ပြန်ဆင်းရတဲ့အထိနားရက်ဆိုလို့တစ်ရက်မှမရှိပါဘူး။ ကုန်းပေါ်မှာအလုပ် လုပ်တဲ့လူတွေလို လွတ်လွတ်လပ်လပ်နဲ့ စိတ်လွတ်ကိုယ်လွတ်ဆိုတာမျိုးကတော့ မရှိသလောက်ကိုရှားပါးလှပါတယ်။ ပင်လယ်ရဲ့  လှည့်စားမှု၊အလုပ်ရဲ့  ပင်ပန်းဆင်းရဲမှု၊ ကြမ်းတမ်းလှတဲ့ ဘဝတွေကိုမခံစားနိုင်ကြသူတွေကတော့ စောစောစီးစိီး သဘောင်္သားဘဝ ကအနားယူလိုက်ကြသလို ပင်လယ်ထဲမှာ ဘဝကိုအဆုံးသတ်လိုက်တဲ့သူတွေ ဒုနဲ့ဒေးရှိပါတယ်။

ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အခြေနေမှာ အရေးကြီးဆုံးကတော့ မိသားစုရဲ့  တာဝန်သိတတ်မှုပါဘဲ။ ကိုယ့်အိမ်က မိန်းမဖောက်ပြန်လို့ ဘဝပျက်သွားရတဲ့ သဘောင်္သား တွေဟာလည်းအရေအတွက်မနည်းတော့ပါဘူး။ဒီအဖြစ်ပျက်ဟာ ဟိုးတုန်းကလည်းရှိခဲ့သလို ခုထိလည်း ဖြစ်ပျက်နေတုန်းပါဘဲ။ သဘောင်္သားတစ်ယောက်ရေမှာပျော်ဖို့နဲ့ အလုပ်ခွင်အန္တရာယ်ကင်းဖို့ဆိုတာက အိမ်သူသက်ထားဇန်ီးမယားနဲ့ အများကြီးသက်ဆိုင်ပါတယ်။ သဘောင်္သားမိန်းမတွေဟာလည်း မိမိလင်သား အသက်အန္တရာယ်ကင်းစွာနဲ့ အမိမြန်မာပြည်ကိုပြန်ရောက်လာဖို့ ဆန္ဒကို သိက္ခာနဲ့ထိန်းသိမ်းပြီး သဘောင်္သားတွေကို ကူ့ညီကြပါလို့ပြောချင်ပါတယ်။ ဒိီလိုပြောလို့ မိန်းမတိုင်းကို ဆိုလိုတာမဟုတ်ပါဘူး တစ်ကယ်ကိုလေးစားစရာကောင်းတဲ့ သဘောင်္သားမိန်းမတွေအများကြီးရှိပါတယ်။

ဘာလို့လဲတော့မသိဘူး လူတွေက သဘောင်္သားဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုပြီး အထင်ကမကြီးကြပါဘူး။ သူတို့က သဘောင်္သားတွေမြန်မာပြည်ပြန်ရောက်လို့ သုံးတာစွဲတာ ကြည့်ပြီးပြောတာလို့တော့ထင်တာဘဲလေ။ သဘောင်္ပေါ်မှာဘယ်လို လုပ်ကိုင်ခဲ့ရတယ်ဆိုတာကတော့ သဘောင်္သားအချင်းချင်းဘဲ သိပါတယ်။ သဘောင်္ပေါ်ရောက် တိုင်းလည်း သဘောင်္သားဖြစ်တာမဟုတ်ပါဘူး။ သဘောင်္အလုပ် လုပ်နေပြီးသဘောင်္သား မပီသ တဲ့လူတွေအများကြီးရှိပါတယ်။ သဘောင်္သားတစ်ယောက်ဟာ စိတ်ဓာတ်ခိုင်မာရမယ်၊ သတ္တိရှိရမယ်၊ စွန့်လွှတ်စွန့်စားရဲ ရမယ်၊ အမိန့်နာခံမှုရှိရမယ်၊ တက်တက်ကြွကြွနဲ့ပူးပေါင်းပါဝင် မှုရှိရမယ် ဆိုတဲ့ အခြေခံအချက်တွေနဲ့ပြည့်စုံရတာပါ။ သူများတွေပြောသလို ပေါ့ပေါ့နေ ပေါ့ပေါ့ စားဘယ်ဟုတ်ရမှာလဲ၊ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ သူတွေဟာလည်းသဘောင်္သားသက်တမ်း ကြာ ရှည်မခံကြပါဘူး။

နိုင်ငံတကာမှာတော့ သဘောင်္သားဆိုရင် အထူးအခွင့်ရေးတွေရတတ်ပါတယ်။ နောက်ရေထဲမှာကြာရှည်နေရတဲ့ဘဝကို သူတို့နားလည်ပေးကြပါတယ်။ ဒီတော့ သဘောင်္သား ဆိုရင် အခွင့်ထူးခံလူတန်းစားတစ်ရပ်လို နေရာရကြပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်ရေးဟာ မြန်မာပြည်မှာတော့ ဘယ်မှာမှ ရှာလို့မရနိုင်ပေမယ့် သဘောင်္သားတွေဆီကနေ အခွင့်ရေးယူတဲ့သူတွေကတော့ ပေါမှပေါပါဘဲ။

ဟိုတစ်လောက G Talk မှာ စကာင်္ပူက အသိ တစ်ယောက်ကမေးတယ် နင်အိမ်ပြန်ချင်တဲ့စိတ်ကလေးများ မရှိဘူးလား” တဲ့လေ ဘာလို့လဲ ပြန်မေးမိတော့ သူက“ ငါဒီမှာ မိသားစု စုံစုံလင်လင်နေရတာတောင် ရန်ကုန်အရမ်းပြန်ချင်တာ ဘဲ၊ နင့်ဆီက ပြန်ချင်တယ် ပြောတာတစ်ခါမှမကြားဘူးလို့” တဲ့လေ။ ဘယ်သူက ကိုယ့်ရပ်ကိုယ့်ရွာ မပြန်ချင် ရှိပါ့မလဲလို့။ ဒါပေမယ့်လည်း ကိုယ်တွေလုပ်တတ်တာကလည်း သဘောင်္ပေါ်မှာဘဲရှိတော့ ပျော်လည်းနေ မပျော်လည်းနေဘဲလေ။

သဘောင်္သားများ ရန်ကုန်ပြန်ရောက်လို့ကတော့ တောသားမြို့  တက်လို့လူလိမ်ခံရတာထက်တောင်ဆိုးသေးတယ်။ တောသားကမှ လိမ်မှန်းမသိလို့ခံရတာ။ သဘောင်္သားကတော့သိသိနဲ့ကိုခံရတာပါ။ ရန်ကုန်မြေစနင်းလို့ လေဆိပ်ရောက်တာနဲ့ “မင်းတို့ သဘောင်္သားတွေပြန်လာလို့မှ ငါတို့အတွက် ဆေးလိပ်လေးတစ်တောင့်လောက်မရရင် C.D.C မှာ တုံးမထုနိုင်ဘူးကွ” ဆိုတာနဲ့စလိုက်တာဟာ လေဆိပ်တစ်ခုလုံး ခေတ်သစ်ဝေသန္တရာ လုပ်ပြီးမှ လေဆိပ်အပြင်ကိုရှောရှောရှူရှူရောက်ပါတော့တယ်။

လေဆိပ်ကထွက်လာလို့ “ငါသဘောင်္သား မသေလို့ပြန်လာပြီကွ”ဆိုပြီးနောက်နေ့ သဘောင်္သားရုံးကိုသွားလိုက်တယ်ဆို ရင်ဘဲ အေးဂျင့်တွေရဲ့  C.D.C အပ်ဖို့ကဘယ်လောက်၊ အခွန်ဆောင်ဖို့ကဘယ်လောက်၊ ဘာကဘယ်လောက်၊ ညာကဘယ်လောက်နဲ့တောင်းလိုက်ကြတာ သဘောင်္သားကတော့ခပ်ပြုံးပြုံးပါဘဲ။ “ မြန်မာငွေ မရှိဘူးကွာ အစိမ်းယူထားလိုက်” ဒါမျိုးလာတာ။ ကိုယ့်ရိတ်နေတာတောင်ပျော်ပျော်ပါးပါး ပါဘဲ။ ကိုယ့်တိုင်းပြည်ပြန်ရောက်နေတော့ပျော်တာကိုး ရေထဲကနေမသေလို့ပြန်တတ်လာရ တာဆိုတော့ ကုန်းပေါ်မှာ ပျောတာမဆန်းပါဘူး။ ဒါကိုကြည့်ပြီးတော့ဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား သတ်မှတ်ခံရတာလားတော့မသိပါဘူး။

ဟောပျော်လို့မှမဝသေးဘူး သဘောင်္ကပြန်ခေါ်တဲ့ကြေးနန်းဝင်လာတော့ ပြန်ထွက်ဖို့လုပ်ရပြန်ရောလေ။ ထွက်ဖို့လုပ်တော့လည်းအေးဂျင့်တွေကလာထားပေါ့။ မင်းတို့ ကဟိုမှာ ဒေါ်လာရမှာဆိုပြီးဝိုင်းနွှာကြပြန်ရောလေ။ ဒီအချိန်မှာသဘောင်္သားအိပ်ကလည်းပါးနေ ပြီဆိုတော့ “ဆရာတို့ရယ် အကုန်ကျနည်းအောင်လုပ်ပေးကြပါ လက်ကျန်မရှိတော့လို့ပါ”တို့ “အိမ်စရိတ်လေးဘဲကျန်တာမို့ပါ”ဆိုတာကတစ်မျိုးတောင်းပန်ရပြန်ရော။ သူတို့ကတော့ မာမာကတော့မာမာ ပါဘဲ။

ဒီလိုနဲ့ မြန်မာပြည်မှာပျော်ပျော်ပါးပါး အလှူတန်းပေးပြီတဲ့အခါမှာတော့ မချစ်မနှစ်သက်သောသူများနှင့် အတူတကွလုပ်ကိုင်စားသောက်ဖို့ရာ ပျော်ရာမှာမနေရ တော်ရာမှာနေရအောင် ပင်လယ်ပြင်ကိုထွက်ခဲ့ရပြန်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~