Tuesday, April 21, 2009

မေတ္တာရှင်

နံရံက ပြက္ခဒိန်ကို မိခင်တစ်ယောက်လှမ်းကြည့်ပြီး စိတ်ထဲက ရက်ကိုသာရေတွက်နေမိတယ်။ တစ်နေ့ ဘယ်နှစ်ခါကြည့်မိမှန်းပင်မသိတော့။ အိမ်ရှေ့ရောက်ရင် ဧည့်ခန်းထဲက ပြက္ခဒိန်ကိုကြည့်လိုက်မိတယ်။ မီးဖိုချောင်သွားဖို့ ထမင်းစားခန်း ကို ဖြတ်ရရင် ထမင်းစားခန်းက ပြက္ခဒိန်ကိုကြည့်ပြန်တယ်။ ဘယ်လောက်ကြည့်ကြည့် ကြည့်လို့မဝအောင်ဖြစ်နေရတယ်လေ။ ပြက္ခဒိန်ကြည့်ပြီး ရက်ရေတွက်ရတာကိုက အမေကြီးအတွက် ပီတိတစ်မျိုး။ အဝေးရောက်နေတဲ့ သားကြီးနှစ်ယောက်ပြန်လာဖို့ကို လက်ချိုးရေတွက်နေရတာနဲ့ ဘုရားကိစ္စတောင်မေ့တေ့တေ့ ဖြစ်နေရတယ်။ အမေ့ရင်ခွင်ထဲက သားကြီးနှစ်ယောက်ထွက်သွားကတည်းက အမေ့အိမ်ဟာ ပျင်းရိညည်းငွေ့စရာကောင်းနေတာကတော့အမှန်ပါပဲ။ အဖေကြီးက မနက်ခုနှစ်နာရီဆိုရင် သူ့အလုပ်ကိုသွားပြီ၊ အိမ်မှာကျန်နေရစ်တဲ့ အငယ်ကောင်ကလည်း အဖေနဲ့ ရှေ့ဆင့်နောက်ဆင့်လိုထွက်သွားလိုက်ကြတာ ညထမင်းစားချိန် ခုနှစ်နာရီ ရှစ်နာရီမှပြန်ရောက်တတ်ကြတော့ အိမ်မှာအမေတစ်ယောက်တည်းရယ်။ အဖော်ဆိုလို့ အလတ်ကောင်မွေးထားခဲ့တဲ့ ချစ်ပု ဆိုတဲ့ ခွေးပုလေးကိုဘဲ စကားပြောလိုက် ရေချိုးပေးလိုက်နဲ့ အမေရဲ့  တစ်နေ့တာအချိန်တွေကို ကုန်ဆုံးစေခဲ့ရတာလေ။


အမေကြီး ပုတီးစိတ်ရင်းဧည့်ခန်းမှာချိတ်ထားတဲ့ သားသုံးယောက်ရဲ့  ပုံတွေကိုအကြည့်ရောက်သွားတော့ ပုတီးစိတ်တာရပ်သွားပြီး သားတွေဆီ စိတ်ရောက်သွားရပြန်တယ်။ သားအၾကီးဆံုးက သေဘာၤသား၊ အလတ္က စကာၤပူမွာ၊ အငယ္ဆံုးက သူ့ကိုယ်ပိုင်လုပ်ငန်းနဲ့ သူ့ဝင်ငွေသူ။ ဒီလိုဆိုတော့လည်းအမေတစ်ယောက် သက်ပြင်းချရင်းသားတွေဒီလို ဖြစ်သန်းလာရတဲ့ဘဝကို ပြန်မြင်ယောင်လာပြန်တယ်။


သာမာန်ဝန်ထမ်းဘဝနဲ့ သားတွေဘဝရှေ့ရေးအတွက်ဖြတ်သန်းလာရတာဟာ ခရောင်းလမ်းတော့မဟုတ်ခဲ့တာ ဒီအဖေနဲ့ ဒီအမေသာ အသိဆုံးမဟုတ်လား။ ယေကျာ်းလေး သုံးယောက်ကိုထိန်းရတာလည်း လွယ်တာမှမဟုတ်ဘဲ။ အာပေါက်အောင်ပြောဆို ဆုံးမနိုင်လွန်းလို့ ဒီအခြေနေရောက်လာတယ်ပြောရမှာဘဲလေ။ ကြိုးစားခဲ့သမျှ ခုတော့အရာထင်ပြီပြောလို့ရအောင် အမေတစ်ယောက်လက်မထောင်နိုင်ခဲ့ပြီလေ။


သားကြီးတစ်ယောက်ရော သဘောင်္မှာအဆင်မှပြေပါ့မလားမသိဘူး နှစ်မပြည့်ဘဲဘာလို့များပြန်လာရတာလဲမသိဘူး။ သူအကြောင်းနဲ့ သူနေမှာပေါ့လေ။ သူလည်းအတွေ့ကြုံရှိနေတာဘဲ စိတ်ချလို့ရပါတယ်လေ။ ဒါပေမယ့် ဒင်းကအပျော်အပါးမက်နေတာ့ ပိုက်ဆံမှ စုမိပါ့မလားမသိဘူး။ ကိုယ်တွေမှာမလိုဘူးဆိုပေမယ့်လို့ သူတို့တွေနောင်ရေးကရှိသေးတယ်မဟုတ်လား။ အော် အသက်ဘဲ သုံးဆယ်နားကပ်နေမှတော့ သိမှာပါလေ။ အလတ်ကောင်ကတော့ အနေအေးပေမယ့် သူကလည်း မထင်ရင် မထင်သလိုလုပ်တတ်တာ။ အပေါင်းအသင်းကလည်းပေါမှပေါ။ မဟုတ်မဟတ်တွေလျှောက်လုပ်နေမှဖြင့် ငါအမေ ရင်ကျိုးရဦးမယ်။


ဝုတ်ဝုတ်..ဝုတ်


ချစ်ပု အော်သံကြားမှ ပုတီးစိတ်ရင်း သားတွေဆီ စိတ်ရောက်သွားတာ သတိရတော့တယ်။ ဒီလိုအဖြစ်ကလည်းမဆန်းတော လူကသာအလုပ် လုပ်နေရတယ် စိတ်ကတော့ သားတွေဆီအမြဲရောက်နေရတာလေ။ အဝေးကသားတွေအတွက်ကလည်း ပုတီးစိတ်ပြီးတိုင်း မေတ္တာပို့နေရတယ်။ အနားကသားကိုလည်း လုပ်ငန်းခွင်မှာ အဆင်ပြေဖို့ အရောင်းအဝယ်ကောင်းဖို့ ဆုတောင်းပေးနေရတာဘဲလေ။ တစ်နေ့တစ်နေ့ သူတို့အကြောင်း ဘဲတွေးနေရတာနဲ့ ကိုယ့်အတွက်တောင်ဘာမှ မစဉ်းစားနိုင်ပါဘူး။


ဒါကြောင့် အိမ်ကသားအငယ်ကောင်ကတောင် မေမေ့သားတစ်ယောက် ဒီမှာရှိသေးတယ်ဆိုတာလည်းသတိရပါဦး တဲ့လေနိုင်ငံခြားကလူတွေမှ သားမဟုတ်ပါဘူး ဒီကလည်းသားပါဘဲ တဲ့ သားရယ်မင်းအကိုတွေက ရေခြားမြေခြားမှာ အလုပ်သွားလုပ်နေရတော့ စိတ်ပူလို့ပါကွာ ဆိုပြီးပြန်ချော့ရသေးတယ်။ ဒါတောင်သူကပြန်ပြောသေးတာ။ ဒါကြောင့်မေမေကို ဒေါ်ပူပူ လို့ခေါ်ကြတာ တဲ့လေ ကောင်းရော။တကယ်လည်း သားငယ်လေးရှိလို့ မေမေ သက်သာနေရတာပါသားရယ်အမေကြီးစိတ်က သားငယ်ဆီရောက်သွားပြန်ရောလေ။ ဟုတ်တော့လည်း ဟုတ်တာဘဲလေ အိမ်မှာကအဖော် ခေါ်မထားတာ တော်တော်ကြာနေပြီ ဒီတော့ မိုးလင်းတာနဲ့ အငယ်ကောင်က ဈေးသွား ချက်ပြုတ်ပြီးမှ အလုပ်သွားတာ။ သူကတော့ အလုပ်ကို ထမင်းဘူးမယူဘူးလေ အလုပ်မှာစားတာ။ သူ့ကောင်မလေးနဲ့တွေ့တဲ့နေမှ ကောင်မလေးကြိုက်တဲ့ဟင်းချက်ယူသွား တာ ဒါတော့အမေမကြိုက်ပေါင် မိန်းကလေးအတွက်များ သူကချက်ပြုတ်ယူသွားရတယ်လို့ အမေကြီး စိတ်ထဲကနေ မဲ့လိုက်မိသေးတယ်။


အမေကြီး တွေးကောင်းကောင်းနဲ့တွေးနေတုန်း နာရီကြည့်မိတော့မှ ဘုရားရေ ဆိုပြီးအသံထွက်သွားတယ်။ ငါးနာရီဆိုရင်မီးပျက်တော့မယ်။ မီးမပျက်ခင် ထမင်းအိုးတည်ရဦးမယ် ခုဘဲလေးနာရီထိုးနေပြီ မှီတော့မှီကောင်းပါရဲ့ ။ အော်သားတွေအကြောင်းများတွေးမိရင် ထမင်းမေ့ ဟင်းမေ့ဘဲ ဆိုတဲ့ အဖေကြီးစကားပြန်ကြားမိတော့ ပြုံးရသေးတယ်။အတွေးကိုဖြတ်ပြီး ကမန်းကတန်း ဆန်ဆေးပြီး ပေါင်းအိုးထဲထည့်လိုက်ရတယ်။ မီးပျက်သွားရင် ဂတ်(စ်) အိုးနဲ့ချက်လို့ရပေမယ့် ထမင်းအိုးကို လက်တွေကကောင်းကောင်းမနိုင်ချင်တော့ဘူးလေ။ ဘုရား တရားမလို့ မီးရယ်မပျက်လိုက်ပါဦး လို့ ဆုတောင်းလိုက်မိပြန်ရောလေ။ ဒိီအချိန်မှာတော့ မီးမပြတ်ဖို့ ကနေ ဘာကိုမှ အာရုံမရောက်နိုင်တော့။ ဟုတ်တယ်လေ မီးက လာရမယ့်အချိန်သာနောက်ကျတာ ပြတ်ဖို့ဆိုရင် ဝီရိယက ကောင်းလွန်းလို့ခက်နေရတာလေ။ ထမင်းပေါင်းအိုးက ထောက် ဆိုပြီး မောင်းတတ်သွားမှ အမေကြီး သက်ပြင်းလေးချနိုင်တော့တယ်။ မကြာပါဘူး လျှပ်စစ်မီးကတော့ ဘုရားခေါ်ရာကို ကောက်ကောက်ပါအောင်လိုက်သွားပြီလေ။ နာရီကြည့်မိတော့ လေးနာရီခွဲပြီးခါစဘဲရှိသေးတယ်။ တော်သေးတယ်ဆိုပေမယ့် ထမင်းကတော့ ရေခမ်းရုံဘဲရှိဦးမယ်။ အနပ်တော့နည်းနည်းလိုမယ်ထင်တယ်။ သားကြီးသာရှိရင် ချော့မော့ကျွေရဦးမယ် လို့တွေးလိုက်မိတယ်။ သူက ထမင်းကို ပျော့လည်းမစား မာလည်းမစားနဲ့ ဘယ်လိုကောင်လေးမှန်းမသိဘူး။ သဘောင်္ပေါ်မှာတော့ဘယ်လို စားမလဲမသိဘူး အမေ့ဆိုရင်အရမ်းနိုင်တာ။ တစ်ယောက်တည်းပြောရင်း လက်က ပုတိီးဆီပြန်ရောက်သွားရပြန်တယ်။ ဒီတစ်ခါတော့ အာရုံထည့်ပြီးစိတ်ရမယ် ပုတီးပတ်တွေကလိုနေသေးတယ်လေ။ ညကျရင် ကိုရီးယားကားကလည်း ကောင်းခန်းရောက်နေပြီ လက်လွှတ်လို့မဖြစ်ဘူး။ အော် ပုတီးစိတ်ပါ့မယ် ဆိုကာမှ ကိုရီးယားကား အကြောင်းရောက်သွားပြန်ပြီ လွင့်နေတဲ့ စိတ်ကိုစုစည်းလိုက်တာတောင်မှ နံရံကပြက္ခဒိန်ပေါ် အကြည့်ရောက်သွားသေးတယ်။


တီ.တီ….တီ၊ ဝုတ်..ဝုတ်..ဝုတ် ဒါအငယ်ကောင့် ကားဟွန်းသံ၊ အမေမျှော်နေမှန်းသိလို့ လမ်းထိပ်ကတည်းက ကားဟွန်းတီးလာတာ။ ကားဟွန်းသံကြားတာနဲ့ ချစ်ပုကလည်းအသံပေးပြီး အမေ့ကိုကြည့်ဟောင်လိုက် ခြံရှေ့ထွက်ပြေးလိုက်နဲ့ အမေရေ ပျင်းမနေတော့ ပြန်လာကြပြီလို့များပြောနေသလားမသိပါဘူး ။ ဒါကလည်း သူ့အလုပ်လေ အိမ်ကကားတွေရဲ့ ဟွန်းသံကို သူအကုန်မှတ်မိနေတာ ကားဟွန်းသံကြားရင် သူ့မှာလည်းပျာယာခတ်နေပြီ။ ပြန်လာသမျှ လူကိုထွက်ကြိုရတာလည်း သူ့မှာမော။ အမေလည်း ခုမှပြုံးနိုင်တော့တယ်။ အငယ်ကောင် ကားပေါ်ကဆင်းဆင်ခြင်း နင့်အကိုတွေပြန်လာတော့မယ်ဆိုပြီးစီးပြောလိုက်ရတာ အရသာကိုရှိနေတာဘဲ။ ကိုကြီးရော ကိုလတ်ရောလား ဟုတ်တယ် ကိုကြီးသဘောင်္က ခုစင်ကာပူကိုသွားနေတယ် အဲဒီမှာ ဆင်းပြီး ကိုလတ်နဲ့အတူပြန်လာမယ်တဲ့၊ ကိုကြီးကတော့ ဒီမှာကြာဦးမှာပေါ့ ကိုလတ်ကတော့ ခွင့်က တစ်ပတ်ဆယ်ရက်လောက်ဘဲရမှာလို့ပြောတာဘဲ ကောင်းပါတယ် သားတို့မိသားစု အတူမဆုံရတာဘဲ ကိုလတ်ထွက်သွားကတည်းက မဟုတ်လား ဆူသံပူသံလေးတွေ ပြန်ကြားရဦးမှာပေါ့ ဆိုကာ ချစ်ပုကိုကောက်ချီပြီးထွက်သွားတဲ့ အငယ်ကောင်ရဲ့  နောက်ကျောကိုဘဲ လိုက်ကြည့်နေမိတော့တယ်။ သူကလည်းတစ်မျိုး ဘယ်တော့မှ လူတွေနဲ့ အပေါက်လမ်းတည့်အောင်မပြောဘူး ဒီအချိုးနဲ့ ဘယ်လိုများစီးပွားရေးလုပ်နေလဲမသိဘူး လို့တွေးလိုက်မိသေးတယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်က ပျော်သွားတဲ့ အရိပ်အယောင်လေးကို တော့ အမေလုပ်သူက မြင်ဖြစ်အောင်မြင်လိုက်သေးတယ်လေ။ အမေဆိုတာက သားတွေရဲ့  မျက်နှာကို အမြဲတမ်း ဖတ်တတ်နေကြမဟုတ်လား။


တီတိီတီ ပြန်လာပြန်ပြီ နောက်တစ်ယောက် ဇာတ်လမ်းကကောင်းနေပြီဆိုရင် သားရေနင့်အဖေပြန်လာပြီ တံခါးဖွင့်ပေးလိုက်ပါဦး အမေကြီးကတော့ ဒီအချိန်ဆိုရင် တီဗီရှေ့ကမထချင်တော့။ တစ်နေကုန် အိမ်မှာတစ်ယောက်မတည်းနေရတာ ဒီအချိန်လေးဘဲ ဇာတ်လမ်းကြည်ပြီး စိတ်ဖြေနေရတာဆိုတော့ ဒီအချိန်ကိုဘာနဲ့မှ မလဲနိုင်ပါဘူး။ သားကြီးတို့နှစ်ယောက် ပြန်လာတော့မယ်ဆို ဘယ်တော့လို့ပြောလဲအငယ်ကောင်ပြောလိုက်လို့ထင်တယ် အဖေကြီးအနားလာပြီး ချက်ချင်းမေးနေတယ်။ ဟုတ်တယ် အမေကြီး ဒါဘဲပြောနိုင်တယ် အာရုံက ကိုရီးယားကားကခွာလို့မရသေး။ ဒီအချိန်မှာ သူ့စိတ်ထဲဘာမှမရှိတော့ နောက်မှပြောမယ်ကွာ ဇာတ်လမ်းကကောင်းနေပြီ အဖေကြီးကို တစ်ခါတည်းမောင်းထုတ်လိုက်တော့ ခေါင်းကုတ်ပြီးထွက်သွားတယ်။ အငယ်ကောင်က ကြည့်ပြီးရယ်နေတော့ အဖေကနောက်ကနေ လက်ဝါးခါပြလိုက် ခေါင်းခါပြလိုက် လုပ်နေလို့ မျက်စောင်းထိုးလိုက်ရသေးတယ်။


အငယ်ကောင်ပြင်ထားတဲ့ ထမင်းဝိုင်းမှာ ဝင်ထိုင်ထိုင်ချင်း ထင်ထားတဲ့အတိုင်းဘဲ အမေ့ ထမင်းကအနပ်လိုသေးတယ် ဆိုတဲ့ အငယ်ကောင်ဆီကအသံထွက်လာတယ်။ မီးပြတ်သွားလို့ပါကွာလို့ ပြန်ပြောရင်း စိတ်ထဲကတော့ မင်းအကိုတွေအကြောင်းတွေးနေတာနဲ့ ထမင်းအိုးတည်ဖို့မေ့သွားဟေ့ လို့ဆက်ပြောလိုက်မိသေးတယ်။ ပြောပါဦး သားတို့နှစ်ယောက်က ဘယ်လိုလုပ်အတူတူပြန်လာမှာလဲ့ သားကြီးကစင်္ကာပူမှာဆင်းရမှာတဲ့ အဲဒါသူ့ညီဆီ ဖုန်းဆက်ပြီး အတူပြန်ဖို့လှမ်းပြောတယ်တဲ့ အလတ်ကောင်ကလည်း ပြန်လာချင်နေတာဆိုတော့ ခွင့်တင်ပြီး သူ့အကိုနဲ့ အတူတူပြန်လာမှာ နောက်အပတ်ထဲရောက်မယ်တဲ့ အမေကြီး ထမင်းမစားနိုင်သေး သူသိထားသမျှကို ဖောက်သည်ချရတာနဲ့တင် ဗိုက်ကပြည့်နေပြီ။ မင်းသားကြီး ပြန်လာတော့မပျင်းရဘူးပေါ့ကွာ မင်းနဲ့ရန်ဖြစ်သံတွေကြားရဦးမှာပေါ့ ခုသာမျှော်နေ သားအမိတွေကတည့်ကြတာကိုးလို့ပြောပြီးရယ်နေတဲ့ အဖေကို့ မျက်စောင်းလှမ်းထိုးရင်းက သူတို့ပြန်လာရင် သားအလုပ်မသွားနဲ့နော် နင့်အကိုတွေဖို့ ဟင်းချက်ရအောင်လေ၊ မေမေတို့ မနက်စောစော ဈေးသွားကြမယ်လေ။ အငယ်ကောင်လှမ်းကြည့်တော့မသိဟန်ဆောင်ပြီးဆက်ပြောတယ် မင်းအကိုကြီးအတွက်ကတော့ ငါးခူလေးတွေ ကျွတ်နေအောင်ကြော်ပြီး ငရုတ်သီးနဲ့ ပြန်လှိမ့်ရမယ်၊ ပြီးရင်ကန်စွန်းရွက်ချဉ်ရည်ချက်မယ်၊ ကိုလတ်အတွက်ကတော့ ဝက်သားကိုကျွတ်နေအောင်ကြော်ပေးထားရမယ် သူကအခြောက်အခြမ်းသိပ်ကြိုက်တာလေ အမေကြီးရယ် ထမင်းစားလိုက်ပါဦး ဟိုကလူတွေပြန်လာဖို့က တစ်ပတ်လောက်လိုပါသေးတယ်၊ သွားခေါ်လို့ရရင် မင်းသားတွေကို ခေါ်ပြလိုက်ချင်တယ် မင်းတို့အမေဖြစ်နေတာကြည့်ကြဆိုပြီးတော့လေဆိုပြီး အဖေကပြောတော့ ရယ်ကျဲကျဲလုပ်နေတဲ့ အငယ်ကောင်ကို နင်ကဘာရယ်တာလဲ ဆိုပြီးလှည့်မဲလိုက်သေးတယ်။ ဘာမှ မဟုတ်ပါဘူးဗျာ ကိုကြီးတို့ပြန်လာရင် ဖေဖေလက်ဆောင်ရထားတဲ့ ပုလင်းတစ်လုံးတည်းနဲ့ မလောက်မှာဆိုးလို့ ထပ်ဝယ်ထားရဦးမှာဘဲဆိုပြီး တွေးလိုက်မိလို့ပါ။ အဖေကတော့ဘာမှ မပြောတော့ပေမယ့် ဒီကောင်တွေ ဟိုမှာဘယ်လောက်တောင် သောက်နေမလဲလို့ ပူရပြန်ရောလေ။အော်ငါ့နှယ့်ပူစရာတွေချည်းပါလားနော် လို့တွေးမိသေးတယ်။


အဖေကြီး သားတွေ အမေကြီး မွေးနေ့အမှီပြန်ရောက်လာရင်ကောင်းမယ်နော် မိသားစုဆုံတုန်း ဘုန်းကြီးဆွမ်းကျွေးရအောင်လေ။ အိပ်ပျော်ခါနီး အဖေကြီးခမျာ အမေကြီးစကားကြောင့် ကြောင်တောင်ဖြစ်သွားပြီး ဘာပြောလိုက်တာလဲလို့ ပြန်မေးလိုက်ရပြန်တယ်။ဒါကြောင့်ပြောတာပေါ့ ရှင့်မှာသားတွေကိုသတိရတဲ့ စိတ်ရောရှိသေးရဲ့ လား ရှင့်ခေါင်းထဲမှာအလုပ်ဘဲထည့်ထား ကြာရင်အိမ်က မိန်းမပါမေ့သွားမလားမသိဘူး ရှင့်သားတွေ ကျွန်မမွေးနေ့အမှီပြန်လာရင် ဘုန်းကြီးဆွမ်းကပ်ချင်တယ်ပြောနေတာ ကိုယ့်မိန်းမ မွေးနေ့ရောမှတ်မိသေးရဲ့ လား အိပ်ပါတော့အမေကြီးရာ တစ်နေကုန်သားတွေ အကြောင်းတွေးနေတာ ခုထိလည်းမအိပ်နိုင်သေးဘူး သားတွေအကြောင်းရောက်လာပြန်ပြီ အဖေကြီးကိုရောချစ်သေးရဲ့ လားဟင်” “ ဒီအသက်ရွယ်ကြီးရောက်မှ ရှင်ကအချစ်ခံချင်သေးလို့လား ဆိုကာတစ်ဖက်စောင်း၍ အမေကြီးအိပ်လိုက်ပါတော့တယ်။


Sunday, January 4, 2009

သင်္ဘောပေါ်ကဟာသများ (၂)

စာစုအမှတ်( ၃ )

စကာင်္ပူကိုမြေဖို့ပေးနေတဲ့ သဲသဘောင်္တစ်စီးမှာတုန်းကလည်း အမှတ်ရစရာလေးတွေရှိခဲ့သေးတယ်လေ။

အဲဒီသဘောင်္ပေါ်မှာ ကိုရီးယားရယ် ဘင်္ဂလားဒေ့ရှ်ရယ် ကျွန်တော်တို့မြန်မာရယ် လူမျိုးသုံးမျိုး အလုပ်လုပ်ကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ သဘောင်္သားတွေမဟုတ်ပါဘူး။ စကာင်္ပူကို W/P နဲ့ခေါ်ထားပြီး သဘောင်္ပေါ်တင်ပေးထားတာပါ။ ကျွန်တော်တို့မြန်မာတွေကိုလည်း လက်မှတ်လိုအပ်ချက်ကြောင့် ခေါ်ထားရတာလေ။ ကျွန်တော်တို့ မြန်မာလေးယောက်မှာ ကျော်ဇေယျ ဆိုတာကတော့ လူရွတ်တစ်ယောက်ပါ။ လက်မြန်ခြေမြန်လည်းရှိတာကြောင့် တစ်စီးလုံးကသူ့ကိုလန့်ကြပါတယ်။ ကျွန်တော်တို့အပေါ်မှာတော့ တကယ်ကို သိတတ်တဲ့သူငယ်ချင်းတစ်ယောက်ပါဘဲ။

တစ်နေ့ အသစ်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် အဘိုးကြီးတစ်ယောက်နဲ့ စကားနဲ့ဆုံကြနေတာကျွန်တောတို့ တွေ့လိုက်ကြသေးတယ်။ ခဏနေတော့ အဘိုးကြီးက အနားကဂေါ်ပြားနဲ့ လိုက်ရိုက်တာ ကံကောင်းလို့ ကျော်ဇေယျ ခေါင်းမကွဲတာ။ကျွန်တော်တို့ လည်း ဘယ်လိုဖြစ်တာလည်းမေးတော့မှ တဟားဟား ရယ်ပြီး အောက်ပါအတိုင်းပြောပါတယ်။

“ငါကအဘိုးကြီးကို မိန်းမ ရှိလားမေးတော့ ရှိတယ်ဆိုပြီး ဓာတ်ပုံထုတ်ပြတယ်ကွ၊ ကောင်မလေးကငယ်ငယ်လေးကွ။” “ကလေးရောရှိလားဆိုတော့ အလာ မပေးသေးဘူးဆိုပြီးပြောတော့ငါလည်း စချင်တာက မနေနိုင်တော့ဘူးလေကွာ၊ ဒါနဲ့ အလာ မပေးရင် ငါပေးမယ် ငါ့ဆီလွှတ်လိုက်လို့ ပြောလိုက်တော့ သူအစတော့ စဉ်းစားသေးတယ်ကွ နောက်မှ သဘောပေါက်ပြီး ငါ့ကိုလိုက်ရိုက်တာကွ” ဆိုပြီး အားရပါးရရယ်ပါတော့တယ်။ ကျွန်တော်တို့လည်း မင်းတစ်ခါတည်း ခေါင်းပါပြုတ်သွားရမှာကွ လို့ပြောရင်း ရယ်ချလိုက်ပါတော့တယ်။


~~~~~~~~~~~~~။~~~~~~~~~~~~~~


စာစုအမှတ်( ၄ )

ကျွန်တော်တို့ ကိုရီးယား Costal သဘောင်္လိုက်တုန်းကပေါ့။

သဘောင်္တစ်စီးမှာ မြန်မာ တစ်ယောက်စ နှစ်ယောက်စရှိပါတယ်။ သုံးယောက်ဆိုတာအလွန်ဆုံးဘဲလေ။ ကျွန်တော်ကတော့ထုံးစံအတိုင်း ဘုန်းမောင် တစ်ယောက်တည်းဘဲလေ။ ဒီတော့လည်း မြန်မာစကားပြောချင်တာတို့ မြန်မာစာလေးစားချင်တာတို့ ဖြစ်မိတာပေါ့။ ဒါကလည်းမြန်မာပါတဲ့ သဘောင်္ချင်းတွေ့မှ အဆင်ပြေတာမဟုတ်လား ဒီတော့လည်း မြန်မာပါတဲ့ သဘောင်္တွေကိုမျှော်ရတာပေါ့။

ကိုရီးယားက ယိုဆူး ဆိုတဲ့မြို့  က Tanker ဆိပ်ကမ်းတစ်ခုကိုရောက်ရင်တော့ မြန်မာပါတဲ့ သဘောင်္တွေ အမြဲတွေ့ရတတ်တယ်လေ။ တစ်ခါတစ်လေဆိုရင် တစ်ခြားနိုင်ငံကလာတဲ့ သဘောင်္တွေမှာမြန်မာတွေပါလာရင် မုန့်ဟင်းခါးတို့ ဘာတို့ စားရတတ်တယ်။ အဲဒီဆိပ်ကမ်းရောက်ရင်တော့ ကျွန်တော်မှာ နားချိန်မရှိတော့ဘူး သဘောင်္တွေလိုက်လည် ပြီးရင် စာအုပ်တွေလိုက်လဲနဲ့ အလုပ်ကိုဖြစ်နေတာပါဘဲ။ တစ်နေ့ ကျွန်တော်ဆီကို တစ်ခြားသဘောင်္က ကိုအောင်နိုင်ဆိုတဲ့လူရောက်လာတယ်။ ကျွန်တော်နဲ့လည်း တော်တော်ခင်ပါတယ်။ ညကို သူ့ဆီမှာ ထမင်းလာစားဖို့ လာခေါ်တာပါ။ ဒါနဲ့ ကျွန်တော်ဂျူတီပြီးတော့သူ့ဆီထွက်လာလိုက်တယ် အချိန်ကတော့ ညဆယ့်နှစ်နာရီကျော်ပါပြီ။ သူများတွေအဖို့ကတော့ အိပ်ချိန်ပေါ့ ကျွန်တော်တို့ အတွက်ကတော့ အဲဒီအချိန်မှ အားကြတာလေ။ ကိုအောင်နိုင်က ခရမ်းချဉ်သီးငါးပိချက်နဲ့ ဝက်သားပြုတ်ကြော် ချက်ထားတာ အတို့ အမြုပ်လေးလည်းပါတယ်ဆိုတော့ တကယ့်ကိုမြန်မာပြည်ပြန်ရောက်သွားသလိုပါဘဲ။ ကျွန်တော်တို့လည်း ကိုရီးယားဆိုဂျူးလေးရယ် ငါးပိချက်လေးရယ်ဆိုတော့ စားလို့ကောင်း သောက်လို့ကောင်းပေါ့။ ဒီအခိျိန်မှာ သူ့သဘောင်္က ကိုရီးယားတစ်ယောက်ရောက်လာပြီး ကျွန်တော်တို့နဲ့ ဝင်ဝိုင်းပါရောလေ။ ကျွန်တော်တို့မှာလည်း သူ့ဧည့်ခံနေရတာနဲ့ စကားတောင် ကောင်းကောင်းပြောလို့မရတော့ဘူး။

ကျွန်တော်တို့နဲ့ ကိုရီးယားတွေရဲ့  ပြောဆိုဆက်ဆံနေပုံကိုလည်းပြောပြရဦးမယ်။ ကိုရီးယား Costal မှာက ကိုရီးယားအဘိုးကြီးတွေများပါတယ်။ ဒီတော့ အင်္ဂလိပ်လို မပြောတတ်ကြတာကများပါတယ်။ ကျွန်တော်တို့ကလည်း ကိုရီးယားလိုမတတ်ကြတော့ ပြောဆိုဆက်ဆံရတာ တော်တော်လက်ပေါက်ကပ်ပါတယ်။ နိုင်ငံတကာ ဘာသာစကားဖြစ်တဲ့ လက်ဟန်ခြေဟန်နဲ့ပဲ ပြောဆိုလုပ်ကိုင်နေရတာပါ။ အဲဒါပေမယ့် အင်္ဂလိပ်လို မတတ်တခေါက်လောက်တတ်တဲ့ လူဆိုရင်တော့ ကျွန်တော်တို့နဲ့ သိပ်ကိုစကားပြောချင်တာလေ။ ခုနက ကျွန်တော်တို့ ထမင်းဝိုင်းရောက်လာတဲ့ ကိုရီးယားက ထမင်းစားရေသောက်လောက်တော့ ပြောတတ်တယ်ဆိုပါတော့။ ထုံးစံအတိုင်းပေါ့ မင်းတို့တိုင်းပြည် လူဦးရေဘယ်လောက်ရှိလဲတို့ ဘာတို့ပေါ့နော်။ နောက်တော့ မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံးက ဘာအလုပ်လဲမေးတော့ ကျွန်တော်တို့လည်း စစ်သားလို့ ပြီးရင် အင်ဂျင်နီယာ၊ ဆရာဝန်၊ သဘောင်္သား စသည်ဖြင့်ပေါ့နော် လျှောက်ပြောကြတာပေါ့။ သူကဘာပြောလဲဆိုတော့ ငါတို့ဆီမှာကဆိုပြီး သူစဉ်းစားသွားတယ်။ ဘာလိုပြောရမှန်းမသိတော့လို့ဆိုတာတော့ ကျွန်တော်တို့က သဘောပေါက်ပြီးသားဆိုတော့ ဘယ်လိုပြောမလဲ ဆိုတာစောင့်နေတာပေါ့နော်။ နောက်တော့ တော်တော်စဉ်းစားပြီး “ Wooden hammer and tan tan tan office” ( ဝူးဒန်းဟန်းမား အန် တန်တန်တန် အော့ဖစ်) ဆိုပြီးပြောချလိုက်ရောလေ။ အစတော့ကျွန်တော်တို့လည်း ဘာပြောမှန်းမသိလို့ သူ့ပြန်မေးရတာပေါ့။ ဒီတော့မှ ဆရာက ပုံစံပါလုပ်ပြမှ ကျွန်တော်တို့ သဘောပေါက်တော့တယ်။ သူပြောချင်တာက တရားသူကြီး ကိုဆိုလိုချင်တာပါ။ သူတို့ဆီမှာ တရားသူကြီးက ဝင်ငွေအကောင်းဆုံးဆိုတာကို သူပြောတတ်သလို ပြောချလိုက်တာဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ ပြောစရာ စကားတစ်ခုရလိုက်တာပါဘဲလေ။

~~~~~~~~~~~~~~။~~~~~~~~~~~~~~~

Friday, December 5, 2008

သေဘာၤသား ဘဝ

ချစ်သောသူနဲ့ ကွေကင်းခြင်းသည် ဒုက္ခဆင်းရဲ

မချစ်နှစ်သော သူနဲ့ပေါင်းသင်းရခြင်းသည် ဒုက္ခဆင်းရဲ။

ပျော်ရာမှာမနေရ တော်ရာမှာနေရ။

စတဲ့စကားတွေဟာ ကျွန်တော်တို့ သဘောင်္သားတွေအတွက်များ ရည်စူးထားခဲ့လေသ လားထင်ရလောက်အောင်ကို ကွက်တိကျနေပါတယ်။ သဘောင်္သံပြားစနင်းလို့ အလုပ်စဝင်က တည်းက sing off လုပ်လို့ ပြန်ဆင်းတဲ့အချိန်ထိ နေ့တိုင်း ဒီအလုပ်တွေကိုဘဲ စက်တွေနဲ့အပြိုင် လုပ်နေကြရတာလား။ သဘောင်္ပေါ်မှာရှိတဲ့ လူဆယ်ငါးယောက် အယောက်နှစ်ဆယ် ဟာလည်းနေ့တိုင်းမရိုးနိုင်အောင်တွေ့နေကြရတဲ့လူတွေပေါ့။ အလုပ်လုပ်တော့လည်းအတူတူ စားတော့လည်းအတူတူ။ ကိုယ့်အိမ်ကမိသားစုနဲ့တောင်ဒီလောက်နေကြရလိမ့်မထင်ပါဘူး။ ဟုတ်တယ်လေ မိသားစုနဲ့နေရလှ သုံးလပေါ့။ သဘောင်္ပေါ်မှာက နှစ်လုံးပေါက်နေရတာမဟုတ် လား။ အဲလိုရေထောင်ကျနေတဲ့အထဲမှာ ကိုယ်နဲ့အတွဲဖက်တည့်တဲ့လူတွေရှိရင်တော့ မင်္ဂလာ တစ်ပါးပေါ့။ အဲလိုမဟုတ်လို့ အထက်ဖား အောက်ဖိတို့ ငါအရာရှိဆိုပြီး ပါဝါပြချင်တဲ့လူတွေနဲ့ ဆိုရင်တော့ စာချုပ်မပြည့်ခင် ဖိုက်တင်ပလေးပြီး မဆင်းရအောင်တော်တော်သည်းခံရတာပါ။

ဘဝဆိုတာကလည်းအဆန်းသားရယ် ကိုယ်ချစ်တဲလူ၊ကိုယ်ခင်ရတဲ့လူတွေနဲ့ကြတော့ ခွဲခွာရ တာမြန်ဆန်လှပါတယ်။ ဘယ်လိုမှ ကြည့်လို့မရပါဘူးဆို နှစ်လုံးပေါက်ကိုတွဲနေရတာပါဘဲ။ သဘောင်္သားတွေရဲ့  ဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဘယ်လိုမှ အစိုးမရတဲ့ ပင်လယ် ပြင်မှာ ကိုယ့်ရဲ့ ဘဝပုံအပ်ထားပြီး နေရာအနှံကို သဘောင်္ကိုအိမ်လုပ်ပြီး ရေမျောကမ်းတင် လျှောက်သွားနေရတာပါ။ သဘောင်္ပေါ်စတက်လို့တာဝန်ထမ်းဆောင်ကတည်းကစလို့ တာဝန် ပြီးဆုံးလို့ပြန်ဆင်းရတဲ့အထိနားရက်ဆိုလို့တစ်ရက်မှမရှိပါဘူး။ ကုန်းပေါ်မှာအလုပ် လုပ်တဲ့လူတွေလို လွတ်လွတ်လပ်လပ်နဲ့ စိတ်လွတ်ကိုယ်လွတ်ဆိုတာမျိုးကတော့ မရှိသလောက်ကိုရှားပါးလှပါတယ်။ ပင်လယ်ရဲ့  လှည့်စားမှု၊အလုပ်ရဲ့  ပင်ပန်းဆင်းရဲမှု၊ ကြမ်းတမ်းလှတဲ့ ဘဝတွေကိုမခံစားနိုင်ကြသူတွေကတော့ စောစောစီးစိီး သဘောင်္သားဘဝ ကအနားယူလိုက်ကြသလို ပင်လယ်ထဲမှာ ဘဝကိုအဆုံးသတ်လိုက်တဲ့သူတွေ ဒုနဲ့ဒေးရှိပါတယ်။

ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အခြေနေမှာ အရေးကြီးဆုံးကတော့ မိသားစုရဲ့  တာဝန်သိတတ်မှုပါဘဲ။ ကိုယ့်အိမ်က မိန်းမဖောက်ပြန်လို့ ဘဝပျက်သွားရတဲ့ သဘောင်္သား တွေဟာလည်းအရေအတွက်မနည်းတော့ပါဘူး။ဒီအဖြစ်ပျက်ဟာ ဟိုးတုန်းကလည်းရှိခဲ့သလို ခုထိလည်း ဖြစ်ပျက်နေတုန်းပါဘဲ။ သဘောင်္သားတစ်ယောက်ရေမှာပျော်ဖို့နဲ့ အလုပ်ခွင်အန္တရာယ်ကင်းဖို့ဆိုတာက အိမ်သူသက်ထားဇန်ီးမယားနဲ့ အများကြီးသက်ဆိုင်ပါတယ်။ သဘောင်္သားမိန်းမတွေဟာလည်း မိမိလင်သား အသက်အန္တရာယ်ကင်းစွာနဲ့ အမိမြန်မာပြည်ကိုပြန်ရောက်လာဖို့ ဆန္ဒကို သိက္ခာနဲ့ထိန်းသိမ်းပြီး သဘောင်္သားတွေကို ကူ့ညီကြပါလို့ပြောချင်ပါတယ်။ ဒိီလိုပြောလို့ မိန်းမတိုင်းကို ဆိုလိုတာမဟုတ်ပါဘူး တစ်ကယ်ကိုလေးစားစရာကောင်းတဲ့ သဘောင်္သားမိန်းမတွေအများကြီးရှိပါတယ်။

ဘာလို့လဲတော့မသိဘူး လူတွေက သဘောင်္သားဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုပြီး အထင်ကမကြီးကြပါဘူး။ သူတို့က သဘောင်္သားတွေမြန်မာပြည်ပြန်ရောက်လို့ သုံးတာစွဲတာ ကြည့်ပြီးပြောတာလို့တော့ထင်တာဘဲလေ။ သဘောင်္ပေါ်မှာဘယ်လို လုပ်ကိုင်ခဲ့ရတယ်ဆိုတာကတော့ သဘောင်္သားအချင်းချင်းဘဲ သိပါတယ်။ သဘောင်္ပေါ်ရောက် တိုင်းလည်း သဘောင်္သားဖြစ်တာမဟုတ်ပါဘူး။ သဘောင်္အလုပ် လုပ်နေပြီးသဘောင်္သား မပီသ တဲ့လူတွေအများကြီးရှိပါတယ်။ သဘောင်္သားတစ်ယောက်ဟာ စိတ်ဓာတ်ခိုင်မာရမယ်၊ သတ္တိရှိရမယ်၊ စွန့်လွှတ်စွန့်စားရဲ ရမယ်၊ အမိန့်နာခံမှုရှိရမယ်၊ တက်တက်ကြွကြွနဲ့ပူးပေါင်းပါဝင် မှုရှိရမယ် ဆိုတဲ့ အခြေခံအချက်တွေနဲ့ပြည့်စုံရတာပါ။ သူများတွေပြောသလို ပေါ့ပေါ့နေ ပေါ့ပေါ့ စားဘယ်ဟုတ်ရမှာလဲ၊ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ သူတွေဟာလည်းသဘောင်္သားသက်တမ်း ကြာ ရှည်မခံကြပါဘူး။

နိုင်ငံတကာမှာတော့ သဘောင်္သားဆိုရင် အထူးအခွင့်ရေးတွေရတတ်ပါတယ်။ နောက်ရေထဲမှာကြာရှည်နေရတဲ့ဘဝကို သူတို့နားလည်ပေးကြပါတယ်။ ဒီတော့ သဘောင်္သား ဆိုရင် အခွင့်ထူးခံလူတန်းစားတစ်ရပ်လို နေရာရကြပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်ရေးဟာ မြန်မာပြည်မှာတော့ ဘယ်မှာမှ ရှာလို့မရနိုင်ပေမယ့် သဘောင်္သားတွေဆီကနေ အခွင့်ရေးယူတဲ့သူတွေကတော့ ပေါမှပေါပါဘဲ။

ဟိုတစ်လောက G Talk မှာ စကာင်္ပူက အသိ တစ်ယောက်ကမေးတယ် နင်အိမ်ပြန်ချင်တဲ့စိတ်ကလေးများ မရှိဘူးလား” တဲ့လေ ဘာလို့လဲ ပြန်မေးမိတော့ သူက“ ငါဒီမှာ မိသားစု စုံစုံလင်လင်နေရတာတောင် ရန်ကုန်အရမ်းပြန်ချင်တာ ဘဲ၊ နင့်ဆီက ပြန်ချင်တယ် ပြောတာတစ်ခါမှမကြားဘူးလို့” တဲ့လေ။ ဘယ်သူက ကိုယ့်ရပ်ကိုယ့်ရွာ မပြန်ချင် ရှိပါ့မလဲလို့။ ဒါပေမယ့်လည်း ကိုယ်တွေလုပ်တတ်တာကလည်း သဘောင်္ပေါ်မှာဘဲရှိတော့ ပျော်လည်းနေ မပျော်လည်းနေဘဲလေ။

သဘောင်္သားများ ရန်ကုန်ပြန်ရောက်လို့ကတော့ တောသားမြို့  တက်လို့လူလိမ်ခံရတာထက်တောင်ဆိုးသေးတယ်။ တောသားကမှ လိမ်မှန်းမသိလို့ခံရတာ။ သဘောင်္သားကတော့သိသိနဲ့ကိုခံရတာပါ။ ရန်ကုန်မြေစနင်းလို့ လေဆိပ်ရောက်တာနဲ့ “မင်းတို့ သဘောင်္သားတွေပြန်လာလို့မှ ငါတို့အတွက် ဆေးလိပ်လေးတစ်တောင့်လောက်မရရင် C.D.C မှာ တုံးမထုနိုင်ဘူးကွ” ဆိုတာနဲ့စလိုက်တာဟာ လေဆိပ်တစ်ခုလုံး ခေတ်သစ်ဝေသန္တရာ လုပ်ပြီးမှ လေဆိပ်အပြင်ကိုရှောရှောရှူရှူရောက်ပါတော့တယ်။

လေဆိပ်ကထွက်လာလို့ “ငါသဘောင်္သား မသေလို့ပြန်လာပြီကွ”ဆိုပြီးနောက်နေ့ သဘောင်္သားရုံးကိုသွားလိုက်တယ်ဆို ရင်ဘဲ အေးဂျင့်တွေရဲ့  C.D.C အပ်ဖို့ကဘယ်လောက်၊ အခွန်ဆောင်ဖို့ကဘယ်လောက်၊ ဘာကဘယ်လောက်၊ ညာကဘယ်လောက်နဲ့တောင်းလိုက်ကြတာ သဘောင်္သားကတော့ခပ်ပြုံးပြုံးပါဘဲ။ “ မြန်မာငွေ မရှိဘူးကွာ အစိမ်းယူထားလိုက်” ဒါမျိုးလာတာ။ ကိုယ့်ရိတ်နေတာတောင်ပျော်ပျော်ပါးပါး ပါဘဲ။ ကိုယ့်တိုင်းပြည်ပြန်ရောက်နေတော့ပျော်တာကိုး ရေထဲကနေမသေလို့ပြန်တတ်လာရ တာဆိုတော့ ကုန်းပေါ်မှာ ပျောတာမဆန်းပါဘူး။ ဒါကိုကြည့်ပြီးတော့ဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား သတ်မှတ်ခံရတာလားတော့မသိပါဘူး။

ဟောပျော်လို့မှမဝသေးဘူး သဘောင်္ကပြန်ခေါ်တဲ့ကြေးနန်းဝင်လာတော့ ပြန်ထွက်ဖို့လုပ်ရပြန်ရောလေ။ ထွက်ဖို့လုပ်တော့လည်းအေးဂျင့်တွေကလာထားပေါ့။ မင်းတို့ ကဟိုမှာ ဒေါ်လာရမှာဆိုပြီးဝိုင်းနွှာကြပြန်ရောလေ။ ဒီအချိန်မှာသဘောင်္သားအိပ်ကလည်းပါးနေ ပြီဆိုတော့ “ဆရာတို့ရယ် အကုန်ကျနည်းအောင်လုပ်ပေးကြပါ လက်ကျန်မရှိတော့လို့ပါ”တို့ “အိမ်စရိတ်လေးဘဲကျန်တာမို့ပါ”ဆိုတာကတစ်မျိုးတောင်းပန်ရပြန်ရော။ သူတို့ကတော့ မာမာကတော့မာမာ ပါဘဲ။

ဒီလိုနဲ့ မြန်မာပြည်မှာပျော်ပျော်ပါးပါး အလှူတန်းပေးပြီတဲ့အခါမှာတော့ မချစ်မနှစ်သက်သောသူများနှင့် အတူတကွလုပ်ကိုင်စားသောက်ဖို့ရာ ပျော်ရာမှာမနေရ တော်ရာမှာနေရအောင် ပင်လယ်ပြင်ကိုထွက်ခဲ့ရပြန်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Thursday, November 6, 2008

သေဘာၤေပၚက ဟာသမ်ား


အောက်ပါစာစုများသည် ကျွန်တော်၏ ကိုယ်တွေ့များလည်းပါရှိသလို ဘဝတူညီအစ်ကို သဘောင်္သားများ၏ ပြောပြချက်များကို ပြန်လည်ဖောက်သည်ချခြင်းဖြစ်ကြောင်းကို ကြိုတင် ဝန်ခံထားပါ ရစေ။

စာစုအမှတ်(၁)

တစ်ခါက M.V…………… ဆိုတဲ့ သဘောင်္ပေါ်မှာပေါ့…………. ။ ကျွန်တော်အပါအဝင် မြန်မာသဘောင်္လေးယောက် အမှုထမ်းကြတယ်။အဲဒီမှာ ကျော်ကျော်နိုင် ဆိုတဲ့သဘောင်္သား သစ်လေးတစ်ယောက် ပါလာတယ်။ချစ်ဖို့လည်းကောင်းသလို ခင်စရာလည်းကောင်းတာကြောင့် ကျွန်တော်တို့က သူ့ကို ဆရာကျော် လို့ခေါ်ကြတယ်။သဘောင်္သားအသစ်တစ်ယောက်အနေနဲ့ သင်ယူစရာ လေ့လာစရာတွေ အပြည့်ပေါ့။ ဖင်ပေါ့ပြီး လေ့လာချင်တဲ့ ဆရာကျော်ကတော့ အရာရာဟာသူ့အတွက် လေ့လာချင် စရာတွေပါပဲ။ တစ်ခေါက်တော့ သေဘာၤက စကာၤပူကို ဝင်ပါတယ်။ ဆိပ်ကမ်းမှာ မကပ်ရသေးတာကြောင့် သဘောင်္ကရေလည်မှာကျောက်ချထားရတယ်။ ထုံးစံအတိုင်းဂျူတီယူကြရတာပေါ့။ညဘက်ကျတော့ ကျွန်တော်တို့နဲ့ အရက်ဝိုင်းထိုင်နေတဲ့ ဆရာကျော်က ဒီညအတွက် သူဂျူတီယူခြင်ကြောင်း ကျွန်တော်တို့ကို အပူကပ်ပါတော့တယ်။ဂျူတီသမားကလည်း သူအိပ်ရမှာကတစ်ကြောင်း၊ ဆရာကျော်ကို လေ့လာစေချင်တာတစ်ကြောင်းနဲ့ လိုလိုချင်ချင် သဘောတူလိုက်ပါတယ်။ကျွန်တော်တို့လည်း သူ့ကိုစက်တွေလိုက် မကလိဖို့နဲ့ အရေှးဆိုရင် ချက်ချင်းလာပြောဖို့ မှာလိုက်ကြပါတယ်။ ဆရာကျော်က ဂျူတီယူဖို့ Bridge ကိုတတ်သွားပါတော့တယ်။ ခဏနေတော အူယားဖားယားနဲ့ ဆရာကျော် တစ်ယောက်ပြေးဆင်းလာပါတယ်။သူတစ်ခါမှ မမြင်ဘူးတဲ့ သဘောင်္မီးတွေ့လို့ လာကြည့်ပေးပါလို့ ပြောလာပါတယ်။ ကျွန်တော်တို့လည်း သူ့ပုံစံကြည့်ပြီး နည်းနည်းတုန်လှုပ်သွားတာပေါ့။ ပြဿနာ တစ်စုံတစ်ခု ဆိုရင် ဂျူတီသမားရှင်းရတော့မယ်လေ။ သဘောင်္တွေဟာ ညဘက်မှာ မီးကြည့်ပြီးသွားကြရတာပါ။ သဘောင်္မှာထွန်းထားတဲ့ မီးကိုကြည့်ပြီးသဘောင်္အမျိုးအစားခွဲရသလို Buoy တွေမှာထွန်းထားတဲ့ မီးကိုကြည့်ပြီး သတိပေးချက်တွေကို သိနိုင်ပါတယ်။အဲဒီတော့ ဆရာကျော်တွေ့တာ ဘာမီးလဲဆိုတာ စိတ်ဝင်စားသွားကြပြီး လိုက်ကြည့်ကြတာပေါ့။ဆရာကျော်ုညွှန်ပြတဲ့ဆီ မှန်ဘီးလူးယူကြည့်လိုက်တော့ စကာင်္ပူ ကမ်းပေါ်က မီးပွိုင့် ဖြစ်နေပါရောလား။အဲဒီတော့မှ ကျွန်တော်တို့လည်း ဝိုင်းသြဘာပေးလိုက်ကြတာ ဆဲနည်းပေါင်းစုံ မိုးမွှန်သွားပါတော့တယ်။

------------------------------------။-----------------------------

စာစုအမှတ်(၂)

ကျွန်တော် THANKER သဘောင်္တစ်စီးပေါ်တုန်းကပေါ့…………….

ဒီအကြောင်းမပြောခင် Tanker သဘောင်္င်္တွေ ကုန်တင် ကုန်ချလုပ်တာလေး အရင်ပြောမှ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ တောတွေက လယ်ထဲမှာ ရေငင်တာ မြင်ဘူးကြလိမ့်မယ်ထင်ပါတယ်။ခပ်မြင့်မြင့် ထောင်ထားတဲ့ ဝါးလုံးအရှည်မှာ တစ်ဖက်က ဝိတ်ထားပြီး တဖက်က ရေငင်ဖို့ ရေပုံးကို ဆင်ထားတာတွေ့နိုင်ပါတယ်။ ရေပုံးကို တွင်းထဲနှစ်ပြီး ရေပြည့်သွားလို့ လွှတ်လိုက်ရင် တဖက်က ဝိတ်တုံးက ရေပုံးကို အပေါ်ပြန်ဆွဲတင်ပေးပါတယ်။ Tanker သဘောင်္တွေ အတွက်ကုန်တင်ကုန်ချ လုပ်မယ့် Shore က ပိုက်တွေကိုလည်း အဲဒီနည်းနဲ့ တည်ဆောက်ထားပါတယ်။ Shore ကနေချပေးလိုက်တဲ့ ပိုက်ကို သဘောင်္မှာတပ် ကုန်တင်ကုန်ချလုပ် အားလုံးပြီးလို့ ပိုက်ပြန်ဖြုတ်ပေးလိုက်ရင် Shore က ပြန်ဆွဲယူသွားပါတယ်။ အဲဒီလို လုပ်လာကြတာ မောင်မောင်ကျော် ဆိုတဲ့ သဘောင်္သား မရောက်ခင် အထိ ဘာပြဿနာမှ မရှိကြပါဘူး။

မောင်မောင်ကျော် ဆိုတာ Tanker သဘောင်္အတွေ့ကြုံ မရှိပေမယ့် သဘောင်္အတွြေှ့ကုံ အတော်အသင့်ရှိတဲ့ သဘောင်္သား တစ်ယောက်ပါ။ လူပုံစံကတော့ ဗေလုဝ ထက်တောင် ပိန်ချင်ပါသေးတယ်။ သူမို့လို့ Boiler suit ဝတ်ထားရင် လူမမြင်ရဘဲ Boiler suit ပဲတွေ့ရလောက်အောင်ပိန်တာပါ။လူကတာ ပိန်တာပါ လေကတော့ အထက်ကနေ နည်းနည်းမှ ဆင်းတာမဟုတ်ဘူး။ အရင် လုပ်ခဲ့တဲ့ သဘောင်္တွေမှာ သူဘယ်လောက် ထိတော်ကြောင်း၊ တတ်ကြောင်း ကတော့တွေ့တဲ့ လူတိုင်းကို ပြောပြတတ်တာ သူ့အကျင့်လိုပဲပြောရမှာပေါ့။ ကြာလာတော့လည်း ကျွန်တော်တို့က လေလုဝ ဆိုပြီး နာမည်ပေးလိုက်ကြတော့တယ်။ပြီးတော့ ပြောသေးတာ ငါက မင်းတို့လို ပိုက်ဆံမက်လို့ Tanker လိုက်တာမဟုတ်ဘူး၊ အတွေ့ကြုံ လိုချင်တို့လာလုပ်တာ ဆိုပဲ။ဒါက သူရောက်ရောက်ချင်းပြောတဲ့ စကားပါ အတွေ့ကြုံ မရှိရင် မရှိဘူးလို့ မပြောဘဲ လေကအထက်ကနေတာ သာကြည့်ကြပါတော့။

ဒီလိုနဲ့ ကုန်တင်ကုန်ချလုပ်ရင် သဘောင်္က ရှိနှင့်ပြီးသား လူဟောင်းတွေက ပိုက်ဆက်ပိုက်ဖြုတ်လုပ်ပါတယ်။ မောင်မောင်ကျော် ကို ညှာတဲ့အနေနဲ့ သိပ်မခိုင်းကြပါဘူး။ ဒါကိုသူက မကျေနပ်ဘူး ခင်ဗျ၊ သူလည်းလုပ်နိုင်ပါတယ်ပေါ့ဗျာ။တစ်ခါတော့သူလည်းဝင်တယ်ဆိုပါတော့၊ ပိုက်ဆက်တုန်းက ကျွန်တော်တို့ အားလုံး ပိုက်ကို ဝိုင်းဆွဲချကြလို့ ဘာပြဿနာမှ မရှိပေမယ့် ကုန်ချပြီးလို့ ပိုက်ပြန်တင်တဲ့ အခါမှာတော့ အားလုံးက မတိုင်ပင်ထားရဘဲနဲ့ သူ့တစ်ယောက်တည်းလွှတ်ပေးလိုက်ကြတော့တယ်။ ပိုက်ကို Shore ကနေအရှိန်နဲ့ ပြန်ဆွဲယူလိုက်တော့ ကျွန်တော်တို့ရဲ့  ဇာတ်လိုက်ကြီးတစ်ယောက် ယက်ကန်ယက်ကန် နဲ့ ပါသွားလိုက်တာ ဆယ်ပေလောက်ရောက်မှ ကျွန်တော်တို့ ဝိုင်းအော်လို့ Shore ကကြားပြီး ပိုက်ပြန်ချပေးရပါတယ်။ ဒီတော့မှ လေလုဝ တစ်ယောက် သဘောင်္ပေါ် ပြန်ရောက်ပေမယ့် ကျွန်တော်တို့ကတော့ တော်တော်ကို အဆူပြောခံလိုက်ကြရပါတယ်။ မောင်မောင်ကျော် ကတော့ ကျွန်တော်တို့ကို တော်တော်နဲ့ စကားမပြောတော့ပါဘူး သူကြိုက်တာလေးတွေနဲ့ ချော့မှ ပျော့တော်မူပါတယ်။

ကြာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း ခုချိန်ထိ Tanker Port တွေရောက်လို့ Cargo Arms တွေမြင်တိုင်း တစ်ယောက်တည်းပြုံးရသလို Tanker သဘောင်္တစ်စီးပေါ်မှာ မိသားစုအတွက် အသက်ပေးသွားတဲ့ မောင်မောင်ကျော် ကို သတိရမိနေတုန်းပါပဲ ခင်ဗျား။

---------------------------------------။--------------------------------------

ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ သဘောင်္သားဘဝမှာ တစ်ခါတစ်လေကြုံရဆုံရတာလေးတွေဟာ မရည်ရွယ်ဘဲနဲ့
အမောပြေ ရယ်စရာမောစရာလေးတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီထဲက မှတ်မိနေတာလေးတွေကို အချိန်ရရင် ရသလို ဖော်ပြပေးသွားပါမယ်။ စာဖတ်သူတို့အနေနဲ့ ကျွန်တော့ရဲ့ စာစုလေးတွေကိုဖတ်လို့ ပြုံးလိုက်မိတယ်ဆိုရင်ဘဲ ကျွန်တော်ရဲ့  အားလပ်ချိန်လေးကို အနားမယူဘဲ ရေးရကြိုးနပ်ပါပြီလို့ ပြောပါရစေ

Saturday, October 25, 2008

ကြေးဖြစ်သွားသောရွှေများ

ဒီခေါင်းစဉ်လေးကို သိမ်းထားတာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ။ “ငါတို့ မြန်မာတွေ ရွှေကနေ ကြေး ဖြစ်သွားပြီ” လို့ပြောခဲ့တာကတော့ ကျွန်တော်နဲ့ စကာင်္ပူ S.T MARIANE သင်္ဘောကျင်းမှာတွေ့ခဲ့တဲ့ စက်ချုပ်(Chief Engineer) တစ်ယောက်ပါ။ ဟိုတစ်ခေတ်က ကျွန်တော်တို့ မြန်မာတွေဟာ တကယ့်ကို ရွှေဖြစ်ခဲ့တာပါ။ ခုများမှာတော့ မြန်မာဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာတောင် ရှိသေးရဲ့လားလို့ ထင်စရာဖြစ်နေပါပြီ။ ကျွန်တော်တို့ သဘောင်္သားဆိုတာက နိုင်ငံစုံ ရောက်ပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ဖိလစ်ပိုင်ကလားဆိုပြီး မေးကြပါတယ်။ ကျွန်တော်က မြန်မာဆိုပြီး ဖြေရင် သူတို့ မသိတော့ဘူး။ တချို့သက်ကြီးပိုင်းတွေကတော့ ဘားမား ဆိုရင် သိကြပါသေးတယ်။ ဘားမား ဆိုပြီး နာမည်တစ်လုံး ကျန်ခဲ့အောင် လုပ်ပေးခဲ့တဲ့ လူတွေရဲ့ ကျေးဇူးက ကြီးလှပါတယ်။ ထူးခြားတာ တစ်ခုကတော့ မြန်မာဆိုရင်သာ မသိကြတာပါ - စုကြည် ဆိုရင်တော့ သိနေကြတာပါပဲ။

ကြေးဖြစ်သွားတဲ့ ရွှေတွေအကြောင်း ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေ ပြောချင်ပါတယ်။ ကျွန်တော် သင်္ဘောသား လူသစ်ဘဝက လစာ US$ 250 နဲ့ စခဲ့ရပါတယ်။ အဲဒီလို ဘဝ စအောင် ပေးခဲ့ရတဲ့ လိုင်းကြေးက US$ 1800 ပါ။ အဲဒီသင်္ဘောမှာ ကိုးလပဲ လုပ်ခဲ့ရပါတယ်။ Sailorပေးထားတဲ့ အရင်းပြန်ရပေမယ့် အစိုးရကို အခွန်ဆောင်ဖို့တော့ အိမ်က စိုက်လိုက်ရတယ်။ ရတဲ့ လစာ အရမ်းနည်းတာ၊ အေးဂျင့်ကို မတန်တဆ ပေးရတာတွေ သိပေမယ့် ဒီလိုမှ မပေးရင် သင်္ဘောပေါ် မရောက်နိုင်တဲ့အတွက် ပေးလိုက်ရတော့တာပါပဲ။ အခုချိန်မှာဆိုရင် သင်္ဘောသား ဖြစ်ချင်သူတွေ ပေးနေရတဲ့ လိုင်းကြေးက ကျွန်တော်တို့တုန်းကထက် နှစ်ဆလောက် ပိုများနေပါပြီ။ လစာကတော့ တစ်ချို့ ဆိုရင် US180လောက်နဲ့ လုပ်ကြရတာပါ။ ဟိုအရင်က ဒီလို ဘယ်ဟုတ်လိမ့်မတုန်း။ အေးဂျင့်တွေ၊ သင်္ဘောကိုယ်စားလှယ်တွေ ကိုယ်တိုင် သဘောင်္သားတွေ နောက်လိုက်နေရတာ။ သဘောင်္သားက မာရေ ကြောရေ ပြောလည်း ခံရတာပါ။ သင်္ဘောသားဆီကနေ ပိုက်ဆံယူဖို့ဆိုတာ စဉ်းတောင် စဉ်းစားရဲကြတာ မဟုတ်ပါဘူး။ ခုခေတ်မှာတော့ ပိုက်ဆံမပေးရင် သင်္ဘောသား ဖြစ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

ဒီလိုပါပဲ Shore Job လုပ်ချင်တဲ့ လူတွေကလည်း အေးဂျင့်ကို ပေးလိုက်ရတဲ့ ပိုက်ဆံတွေ။ တကယ်တမ်း ဟိုရောက်တော့ ပြောထားတာနဲ့ နေရ၊ ထိုင်ရ၊ လုပ်ရတာတွေ တလွှဲစီ ဖြစ်နေတာကများပါတယ်။ တစ်ခါက စင်္ကာပူမှာ PR ပူပူနွေးနွေးရထားတဲ့ သူငယ်ချင်း တစ်ယောက် အလုပ်လိုက်ရှာတာ တော်တော်ကြာသွားတယ်။ ဒါပေမယ့် အလုပ်ရတယ် မကြားလို့ မေးကြည့်တော့ ပေးတဲ့လစာ အရမ်းနည်းလို့တဲ့။ နောက်ဆုံးတော့လည်း နေစရိတ်၊စားစရိတ် ကြီးမားတဲ့ စကာင်္ပူမှာ အလုပ်မရှိရင် မဖြစ်တာကြောင့် ရတဲ့ အလုပ်ဝင် လုပ်လိုက်ရပါရောလား။ ခုထိလည်း ဒီလိုဖြစ်နေတုန်းပါပဲ။ လစာနည်းရင် အလုပ်နည်းနည်းပဲ လုပ်ရမယ်ဆိုတဲ့ ဥပဒေမရှိပါဘူး။ ဘယ်အလုပ်ခွင်မှာဖြစ်ဖြစ် အများနည်းတူ တူညီတဲ့ လုပ်အားကို ပေးကြရတာပါ။ ဒီတော့အများနည်းတူ အခွင့်ရေးမ ရသင့်ဘူးလား။ ရသင့်ရဲ့ သားနဲ့ ဘာလို့မရကြတာလဲ။ စဉ်းစားမိတာလေးတွေ ပြောရရင်…………..

တိုင်းပြည်ရဲ့ တဟုန်ထိုး ကျဆင်းလာတဲ့ စီးပွားရေးကို တောင့်ခံအား မရှိတော့တဲ့ ပြည်သူတွေဟာ ရရာအလုပ်ကို ရရာဈေးနဲ့ ဝင်လုပ်နေကြရပါတယ်။ မိသားစု လူလူသူသူ နေနိုင် စားနိုင်အောင် ပြည်ပမှာ အလုပ်သွားလုပ်ချင်သူ များပြားလာတဲ့အခါ အေးဂျင့် တောင်းသလောက် ပေးပြီး သူ့ထက်ငါ အရင်ထွက်ရအောင် ကြိုးစား လာကြတော့တယ်။ General worker တွေမှာ လစာငွေ ကွာဟမှု မရှိတတ်ပေမယ့် အေးဂျင့် ကိုပေးရတဲ့အခါမှာတော့ကွာဟမှုတွေ ရှိလာတတ်ပါတယ်။ ပညာရှင်၊ လုပ်ငန်းကျွမ်းသူတို့က ဈေးကောင်းရပေမယ့် အခြားနိုင်ငံသားတွေနဲ့ စာရင်တော့ ဈေးနည်းနေသေးတာတော့ သေချာပါတယ်။ အထူးသဖြင့် သင်္ဘောသား လောကမှာ အဆိုးဆုံးလို့မြင်ပါတယ်။ သဘောင်္သားတွေဟာ ရာထူးချင်း တူပေမယ့် ရတဲ့လစာကတော့ တော်တော်ကွဲပြားတာ တွေ့နေရတယ်။ သဘောင်္လိုင်းတွေကလည်း ပေးတာမတူညီကြပါဘူး။ အရာရှိတွေ၊ အင်ဂျင်နီယာတွေ အတွက်တော့ အခုချိန်မှာ လစာ အတည်တကျ ဖြစ်သလောက်ရှိနေပါပြီ။ သူတို့ကလည်း သတ်မှတ်လစာ မရရင် မလုပ်ကြတော့ပါဘူး။ ခက်နေတာက အောက်ခြေသင်္ဘောသားတွေပါ။ သင်္ဘောအတွေ့ကြုံလည်း လုံလုံလောက်လောက် ရှိကြတယ်၊ လုပ်ငန်းကျွမ်းကျင်မှုလည်းရှိကြပါလျက်နဲ့ လစာ US$1200 အခြေခံလစာကို US$ 400 လောက်နဲ့ လုပ်နေရသူတွေ အများကြီးရှိပါတယ်။ ဒါကမြန်မာလူမျိုးချင်း အတူတူကို သဘောင်္လိုင်းပေါ် မှုတည်ပြီး ကွဲပြားသွားတာပါ။ မြန်မာ သဘောင်္သား ခုနှစ်သောင်းကျော် ရှိနေတဲ့အတွက် မိမိ သင်္ဘောပေါ်ရောက်ရေးကသာ နံပတ်တစ် ဖြစ်လာနေပါတယ်။ ထိုင်စားနေတာထက် စာရင် သဘောင်္ပေါ်မှာက တော်သေးတယ်ဆိုပြီး ရရာလစာနဲ့ လုပ်နေတဲ့သူတွေကတစ်စု၊ မိသားစု စားဝတ်နေရေး အကြပ်တည်းကြောင့် ရရာလစာနဲ့ လုပ်နေသူတွေကတစ်စု၊ အတွေ့ကြုံလိုချင်လို့ အရင်းကြေရင် ပြီးရောဆိုပြီး ရရာလစာနဲ့ လုပ်နေတဲ့ လူသစ်တန်းက တစ်စု၊ နောက်ဆုံးတစ်စုကတော့ အရည်ချင်း ပြည့်ဝပေမယ့်လို့ အကြောင်း အမျိုးမျိုးကြောင့် ပထမတန်းလိုင်းတွေမှာ လုပ်ခွင့်မရဘဲ ဒုတိယတန်းလိုင်းလောက်နဲ့ ကျေနပ်နေကြရတဲ့ သူတွေပါ။ ဘယ်လို အစုထဲမှာပဲပါနေပါစေ - သင်္ဘောသားတိုင်းဟာ တူညီတဲ့ တာဝန်ထမ်းဆောင်နေကြရတာ ဖြစ်သလို နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေကို အသက်နဲ့ ရင်းပြီးရှာဖွေပေးနေကြတာပါ။

အဲဒီမှာဘာသွားတွေ့လဲဆိုတော့ “ သူလည်းသဘောင်္သား၊ ငါလည်းသဘောင်္သား၊ သူ့လောက် လစာ မရရင် မလုပ်ဘူးကွ” ဆိုတဲ့လူမျိုး တစ်ယောက်မှ မတွေ့ရတာပါပဲ။ ဘာလို့ဒီလိုဖြစ်ရပါသလဲ။ ရှင်းရှင်းလေးပါ။ ကိုယ်မလုပ်ရင် လုပ်မယ့်လူတွေ ပုံနေလို့ပါပဲ။ အများနည်းတူ အခွင့်ရေးရဖို့နဲ့ တန်းတူ ညီတူလစာရဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ အလုပ်သမား ကိုယ်တိုင်က ရရာဈေးနဲ့ ကျေနပ်မနေကြဖို့လိုလာပါပြီ။ ဒီတော့ “ငါတို့က သပိတ်မှောက်ရမှာလား” ဆိုပြီးတော့ မေးစရာရှိလာပါတယ်။ အဲဒါဆိုရင်တော့ အလုပ်ထုတ်ခံရဖို့ သေချာသလောက်ပါပဲ။ မြန်မာတွေဟာ အခွင့်ရေးနဲ့ ထိုက်တန်ကြောင်း၊ တန်းတူညီတူ လစာရသင့်ကြောင်းကို အလုပ်နဲ့ပဲ သက်သေပြကြပါလို့ တိုက်တွန်းရပါလိမ့်မယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် မြန်မာလူထုရဲ့နောက်မှာ ရပ်တည်ပေးမယ့် အဖွဲ့အစည်းမရှိလို့ပါ။ လက်ရှိမြန်မာအစိုးရကလည်း အခွန်ကောက်ဖို့လောက်ကလွှဲလို့ ပြည်သူတွေကို လှည့်မကြည့်ပါဘူး၊ သက်ဆိုင်ရာသံရုံးတွေကလည်း အကူညီပေးဖို့ မပြောနဲ့ - တံခါးတောင် ဖွင့်ပေးတာ မဟုတ်ပါဘူး။ ဒါကို သိနေတဲ့ တိုင်းပြည်တွေဟာ မြန်မာဆိုတာ ခိုင်းကောင်းတဲ့ ကျွန်တွေလို့ သဘောထားလာကြတော့ပါပဲ။

ပြည်ပမှာ အလုပ်လုပ်တဲ့အခါ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့တွဲ အလုပ်လုပ်ကြရတာပါ။ အလုပ်ရှင်၊ Supervisor တို့ဟာ လုပ်ငန်းခွင်မှာ လူများစွာကို အုပ်ချုပ်ရတာ ဖြစ်တဲ့အတွက် လူတစ်ယောက်ချင်းစီရဲ့  နာမည်ကို မှတ်မိဖို့ဆိုတာ မလွယ်ကူပါဘူး။ (လူနည်းစု လုပ်နေတဲ့ လုပ်ငန်းတွေကတော့ ခြွင်းချက်ပေါ့ဗျာ) တစ်ချို့ ကြတော့လည်း နှိမ်ချင်လို့ နာမည်ကို မခေါ်တာတွေရှိတတ်ပါတယ်။ ဥပမာ ပြောရရင် “ ဟိုမြန်မာကို ခေါ်လိုက်စမ်းတို့၊ ဒီနေရာမှာ မြန်မာကောင်ကို ခိုင်းလိုက်ပါ ” ဆိုတာမျိုးတွေပေါ့။ ကိုယ့်ဘက်က မှားခဲ့ရင်လည်း “ မင်းတို့ မြန်မာတွေ” ဆိုပြီးဆဲတာဆိုတာ ခံရပါတယ်။ ကျွန်တော်ပြောချင်တာ အဲဒါပါပဲ။ ကိုယ်မကောင်းလို့ ပြောချင်ရင် နာမည်တပ်ပြီး ပြောပါ။ လက်ခံပါတယ်။ ကိုယ်ကမှားထားတာကိုး။ ဒါကို ဒေါသထွက်နေဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကြောင့် မြန်မာဆိုပြီး နာမည်တပ်ခံလိုက်ရတာမျိုးတော့ မဖြစ်စေချင်တာ တကယ့်စေတနာ အမှန်ပါ။ မချီးကျူးရင်နေပါစေ - ကိုယ့်ကြောင့်တော့ တိုင်းပြည် ထပ်ပြီးမနိမ့်ကျစေချင်ပါဘူး။

Myanmar Sailorနောက်အတွေ့အကြုံတစ်ခုကတော့ ကျွန်တော့် သင်္ဘောအေးဂျင့်ရဲ့ ကိုရီးယား သင်္ဘောလိုင်း အသစ်တစ်ခုမှာပါ။ ကိုရီးယားမှာတော့ ပထမတန်းလိုင်း တစ်ခုပေါ့။ သူတို့က မြန်မာသဘောင်္သားတွေ စမ်းသုံးချင်တယ်လို့ဆိုပါတယ်။ ကြိုက်ရင် နောက်ပိုင်း ထပ်ခေါ်မယ်ပေါ့လေ။ အဲဒီမှာ ကိုရွှေအေးဂျင့်က ကျွန်တော်ကို “မင်းသွားလုပ်ပေးပါ ” ဆိုတဲ့ စကားနဲ့ လူမိုက် ငှားတော့တာပဲလေ။ ပြန်ရောက်တာ မကြာသေးလို့ မထွက်ချင်သေးကြောင်း ပြောပေမယ့် အတွေ့အကြုံရှိလို့ လွှတ်တာပါဆိုပြီး အတင်း တိုက်တွန်းနေတာနဲ့ ထွက်ဖြစ်ခဲ့ပါတယ်။ ခက်တာက ကိုရီးယားတွေနဲ့ တစ်ခါမှ မလုပ်ခဲ့ဘူးတာပါပဲ။ ကြားဖူးးထားတာကတော့ တော်တော်ရိုင်းတယ်ဆိုတာပါပဲ။ သူငယ်ချင်းတွေမေးကြည့်တော့လည်း တစ်ယောက်တစ်မျိုး ပြောနေကြတယ်။ ဒါနဲ့ပဲ ဟိုရောက်မှ မီးစင်ကြည့် ကတာပေါ့ဆိုပြီး ထွက်လာခဲ့တော့တယ်။ ကိုယ်တိုင် အဆင်မပြေမှာထက် ကိုယ်အဆင်ပြေသွားရင် နောက်ကဘဝတူ သဘောင်္သားတွေ အလုပ်ရဖို့ အခွင့်အရေးလေးက ရှိနေသေးတော့၊ ကိုယ်ကြိုးစားပြမှာရမယ်ဆိုတာ သဘောပေါက်ထားတော့ တာဝန်ပိုကြီး သွားသလိုပါပဲ။

ဒီသင်္ဘောပေါ်မှာတော့ ကိုရီးယား၊ စင်္ကာပူ၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော် အပါအဝင် လူမျိုးခြောက်မျိုးတိတိ ရှိပါတယ်။ လူမျိုးတွေများသည့်တိုင် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပေမယ့် ကိုရီးယား အင်ဂျင်နီယာချုပ်ကတော့ တော်တော်ကိုဆိုးတာပါ။ ကျွန်တော့်ဆိုရင် မျက်လုံး ဒေါက်ထောက် ကြည့်ပြီးကို ခိုင်းတတ်ပါတယ်။ ကျွန်တော်လည်း ကိုယ့်ကို စမ်းနေတယ်ဆိုတာ သိလို့ အမှားအယွင်း မရှိအောင်ကို လုပ်ပြပါတယ်။ ဒါကိုလည်း သူမကျေနပ်နိုင်ပါဘူး။ ပြီးတော့ ခေါ်လိုက်ရင်လည်း စောစောကပြောခဲ့သလို မြန်မာလို့ပဲ ခေါ်ပါတယ်။ မြန်မာလို့ မခေါ်ပါနဲ့ နာမည်ခေါ်ပါဆိုတော့ မင်းမြန်မာ မဟုတ်ဘူးလားတဲ့။ဒီတော့ မြန်မာတော်တယ်ဆိုတာ မင်းပြောကို ပြောရမယ်ဆိုပြီး လုပ်လိုက်ရတာ ကျွန်တော်လည်း တော်တော် ပင်ပန်းပါတယ်။ ပင်ပန်းရကျိုးနပ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ငါးလလောက်ကြာတော့ ကျွန်တော့်ကို မြန်မာအလုပ်လုပ်တာ အရမ်းကောင်းတယ်၊ သူသဘောကျတယ်တဲ့။ နောက်လူတွေခေါ် ဖို့ ရုံးကိုသူအကြောင်းကြားလိုက်ပြီိ ဆိုတာခေါ်ပြောပါတယ်။ ဒီတော့မှ ကျွန်တော်လည်း အသက်ရှုချောင်တော့တယ်။နောက်တော့ သူဟာ ကုမ္ပဏီ၏ လူဖြစ်ကြောင်း၊ ကျွန်တော်ကို ရုံးမှ ခိုင်းသည့်အတိုင်း စမ်းသပ်ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီနောက်ပိုင်း သူနဲ့ကျွန်တော် အရမ်းခင်သွားကြပါတော့တယ်။ ကျွန်တော်ပြန်ကာနီး နှစ်လလောက် အလိုမှာ နောက်ထပ်မြန်မာ လေးယောက်ရောက်လာခဲ့ပါတယ်။ ကျွန်တော့် တာဝန်ကျေ သွားခဲ့ပါပြီ။

ကျွန်တော်ရဲ့  စိတ်ရှည်မှု၊သည်းခံမှု၊ကြိုးစားမှုတို့ကြောင့် ရလာတဲ့ အောင်မြင်မှုလေးကို ပြန်ပြန်တွေးရတာ ကြည်နူးစရာလေးပါ။ ကျွန်တော်ထက်မက အောင်မြင်ခဲ့သူတွေ အများကြီးရှိနေဦးမှာပါ။ တစ်ဦးတစ်ယောက်ရဲ့  အောင်မြင်မှုက နေပြီး မြန်မာလူမျိုးတိုင်း အောင်မြင်မှုဖြစ်ဖို့ရာ အရေးကြီးပါတယ်။ မြန်မာတွေ ရွှေခေတ်ပြန်ရောက်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြု ရင်း နိဂုံးချုပ်ပါရစေ။ ။


မှတ်ချက်။ ။ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ ၂ အမှတ် ၃ အတွက် ပေးပို့ခဲ့သော အက်ဆေးဖြစ်ပါသည်။